၂၀၁၈
2018
Heritage Tourism
Conflicts and Chances
7 - 21 October 2018
ပထမဦးဆုံးကျင်းပခဲ့သည့် စတူဒီယိုတွင် “ဘုရားစေတီပုထိုးများပေါ်သို့တက်ခြင်း” သည် ပုဂံမြေကို ထိခိုက်စေသည့် ပြဿနာများစွာထဲမှ တစ်ခုသာဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ပြီးနောက် ဒုတိယမြောက်စတူဒီယိုအလုပ်ရုံဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ကျယ်ပြန့်သော စိန်ခေါ်မှုများစွာကို ထုတ်ဖော်ဖြေရှင်းပေးခဲ့သည်။
လူးဆီးယစ်ဘာ့က်ဟာ့ဒ်၏ ပတ်ဝန်းကျင်ကိုအာရုံခံစားနိုင်စွမ်းပိုမိုမြင့်မားလာစေရန်ရည်ရွယ်သောလမ်းလျှောက်ခြင်းအနုပညာ (Strollology) နှင့် အပြုသဘောဆောင်သော အမူအကျင့်များနှင့် မတူညီသောပတ်ဝန်းကျင်များကို လျင်မြန်စွာဖြတ်ကျော်ခြင်းနည်းပညာ (situationist drifting) သီအိုရီအရ ကျောင်းသားများသည်ပုဂံမြို့ကို ခြေလျင်လေ့လာခဲ့ကြပြီး မိမိတို့ကြိုက်နှစ်သက်ရာ မှတ်တမ်းတင်ကိရိယာဖြင့် ဒေသန္တရအခြေအနေမြင်တွေ့ရပုံများကို အသီးသီးမှတ်တမ်းတင်ခဲ့ကြသည်။
Since the
first studio in 2017 revealed that “temple climbing” was just one of the many issues
affecting Bagan, the second studio addressed a wider spatial range of
challenges related to tourism.
Inspired by Lucius Burckhardt’s strollology and situationist drifting, students
explored Bagan on foot documenting the seen with their media of choice. Low-threshold mapping techniques and methods facilitated the uncovering
and recording of independent agendas and thus the construction of new
narratives.
Through attentive perception of their immediate environment, the students were able to identify problems and issues related to everyday situations at the touristic sites and consequently, to develop individual research topics for the preservation studio. These topics included: technical infrastructure, orientation systems and local transportation networks; community-based tourism development; organization of the local waste management; advocacy for natural heritage protection and biodiversity at a site primarily recognized for its cultural heritage and riches; networks for the production, processing and distribution of traditional products of the regional economy; micro-site-specific problems of access or commercial activities. Students worked in intercultural and interdisciplinary teams to analyze their topics and develop concepts and design ideas for adequate responses that were presented and discussed in public consultations in Bagan.
အဆင့်မြင့်အထူးကိရိယာများမပါဝင်သော မြေပုံဆွဲခြင်းနည်းလမ်းများသည် သီးသန့်အကြောင်းရာများ မှတ်တမ်းတင်ခြင်းနှင့် ရှာဖွေထုတ်ဖော်ရေးလုပ်ငန်းများအား အဆင်ပြေချောမွေ့စေခဲ့ပြီး ဇာတ်ကြောင်းအသစ်များကို ဖန်တီးပေးနိုင်ခဲ့သည်။ ပတ်ဝန်းကျင်ကို သေချာစွာစူးစမ်းလေ့လာခြင်းဖြင့် ကျောင်းသားများသည် ခရီးသွားအလာများသော နေရာများတွင် နေ့စဉ်ကြုံတွေ့နေရသော အခြေအနေနှင့် ပြဿနာများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စတူဒီယိုအတွက် တစ်ဦးချင်းလေ့လာရန်လိုအပ်သည့် သုတေသနဆိုင်ရာခေါင်းစဉ်များကို ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါအကြောင်းအရာများမှာ- နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံ၊ လမ်းညွှန်မှုနည်းစနစ်များနှင့် ဒေသတွင်းဆိုင်ရာသယ်ယူပို့ဆောင်ရေးကွန်ရက်များ၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသန္တရအမှိုက်စီမံခန့်ခွဲရေး၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကြွယ်ဝမှုများအတွက် အသိအမှတ်ပြုခံထားရသော နေရာဒေသရှိ သဘာဝယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်
ဇီဝမျိုးကွဲများအတွက် အားပေးလှုံ့ဆော်မှု၊ ဒေသန္တရစီးပွါးရေးများဖြစ်သော ရိုးရာထုတ်ကုန်များထုတ်လုပ်ခြင်း၊ စီမံခြင်းနှင့် ဖြန့်ဖြူးခြင်းအတွက် လိုအပ်သည့်ကွန်ရက်များ၊ အသုံးပြုခွင့် သို့မဟုတ် စီးပွားဖြစ် လုပ်ဆောင်မှုများ၏ အသေးစိတ် သီးခြားပြဿနာများ စသည်တို့ဖြစ်သည်။ ကျောင်းသားများသည် ပုဂံရှိ လူထုဆွေးနွေးပွဲများတွင် ထုတ်ဖော်တင်ပြပြီး ရရှိလာသောတုံ့ပြန်မှုများကိုအခြေခံ၍ လိုအပ်သည့်ဒီဇိုင်းအယူအဆနှင့် စိတ်ကူးစိတ်သန်းများဖော်ထုတ်ပြီး သက်ဆိုင်ရာခေါင်းစဉ်များကို လေ့လာရန် ယဉ်ကျေးမှုနှင့်ပညာရပ်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၁၈ စတူဒီယိုပုဂံကို ရန်ကုန်မြို့တွင် သုံးရက်ကြာ အပြန်အလှန်အသိပညာဖလှယ်ခြင်းများ၊ တင်ဆက်မှုများဖြင့် စတင်ခဲ့သည်။ ထို့နောက် ပုဂံဒေသတွင် ၁၀ရက်ကြာ ကွင်းဆင်းလေ့လာ၍ သုတေသနပြုလုပ်ခဲ့ပြီး ပုပ္ပားတောင် သာသနာ့နယ်မြေသို့ သွားရောက်လည်ပတ်ကာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ
စလေသို့ လှေစီးခြင်းဖြင့် ပုဂံခရီးစဉ်ကိုအဆုံးသတ်ခဲ့သည်။ ကျောင်းသားကျောင်းသူများ၏ လေ့လာသုံးသပ်မှုများနှင့်ပတ်သက်၍ စပ်ကြားတင်ပြမှုများ၊ လူထုညှိနှိုင်းဆွေးနွေးပွဲများကို ပုဂံမြို့ဟောင်းရှိ ခရီးသွားသတင်းပြန်ကြားရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။ နောက်ဆုံးမိတ်ဆက်ဆွေးနွေးပွဲကိုမူ ရန်ကုန်မြို့ Goethe Institute ၏ ခန်းမဆောင်တွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
The 2018 studio
started with three days full of exchange and presentations in Yangon. Field
work and research took place in Bagan for 10 days, complemented by a boat trip
on Irrawaddy River to Salay and a visit to the religious site of Mt. Popa.
Intermediate presentations and public consultations on the students’ work were
held at the Tourist Information Centre in Old Bagan. The final presentations were
held in the auditorium of the Goethe Institute in Yangon.
For more insights into the work of Studio Bagan 2018 you can download our e-publication >>> here (ca. 500MB).



